ဂျပန်နိုင်ငံ၏ အထင်ကရ ငွေကြေးလုပ်ငန်း လုပ်ကိုင်ကြသည့် ကုမ္ပဏီအုပ်စုကြီး ၃ ခု၏ ၂၀၂၀ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇွန်လအထိ ၃ လ ပတ်ကာလအတွင်း အမြတ်ငွေရရှိမှု များစွာကျဆင်းခဲ့ကြောင်း သိရပါသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အကျပ်အတည်းကြောင့် ချေးငွေပေးဆပ်မှုမရှိခြင်းများနှင့် ကြုံကြိုက်နေရသဖြင့် အဆိုပါအခြေအနေမှ ကာကွယ်ရန် အရန်ငွေများ ပြင်ဆင်ထားခဲ့ရကြောင်း ကုမ္ပဏီအကြီးအကဲများက ပြောကြားခဲ့ပါသည်။
Mitsubishi UFJ Financial Group က ၎င်းတို့ကုမ္ပဏီအနေဖြင့် ဧပြီလမှ ဇွန်လအထိ ၃ လပတ်တာကာလအတွက် ဘဏ္ဍာရေး ဆိုင်ရာစာရင်းတွေကို သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ လုပ်ငန်းအုပ်စုတစ်ခုလုံး၏ အသားတင်အမြတ်ငွေသည် ယန်းငွေအားဖြင့် ပြီးခဲ့သည့် နှစ်၏ အလားတူကာလကထက် ၅၃ % နီးပါး ကျဆင်းခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ အကြီးအကဲများက ပြောကြားခဲ့ပါသည်။
Sumitomo Mitsui Financial Group ၏ အမြတ်ငွေမှာ ၆၀ % ကျော် ကျဆင်းခဲ့ပြီး Mizuho Financial Group ကုမ္ပဏီ၏ အမြတ် ငွေသည် ၂၅ % နီးပါး အသီးသီကျဆင်းခဲ့ကြောင်း သိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)